နည်းပညာတက္ကသိုလ် (ဘားအံ) တွင် ပညာသင်နှစ်အလိုက် အင်ဂျင်နီယာဘွဲ့သင်တန်းများ စတင်ဖွင့်လှစ်

ဘားအံ ဇွန် ၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာဘွဲ့ (၆) နှစ်သင်တန်းများကို ယနေ့ နံနက်မှစတင်ကာ ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ဘားအံ)တွင် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှုအင်ဂျင်နီယာဘွဲ့ (၆) နှစ်သင်တန်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တတိယနှစ်၊ (ပထမနှစ်ဝက်) သင်တန်းနှင့် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်အတွက် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်နှင့် ဆဌမနှစ်တို့၏ (ဒုတိယနှစ်ဝက်)သင်တန်းများကို ယနေ့စတင်ဖွင့်လှစ်သင်ကြားလျှက်ရှိရာ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၄၅၀) ဦးခန့် အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုများအား နည်းပညာတက္ကသိုလ် (ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်နှင့် ဌာနမှူး ဆရာ/ ဆရာမများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)