ပခုက္ကူ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကို ဇွန်လ (၃) ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားကြသည်။
ပခုက္ကူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာများရှိ အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ၃ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ အထက်တန်းအဆင့်(၄၇၉၅)ဦး၊ အလယ်တန်းအဆင့် (၉၇၁၆)ဦး၊ မူလတန်းအဆင့် (၃၃၀၆၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၇၅၇၅)ဦး ပညာသင် ကြားကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
ပခုက္ကူ(ပြန်/ဆက်)