ပြင်ဦးလွင် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသည် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိပြီး ပြင်ဦးလွင်မြို့တွင် ကျောင်းသား/ကျောင်းသူပေါင်း ၅၇၀၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန ပြင်ဦးလွင်ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ရွှေစင်အိထံမှသိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၀) ကျောင်း၊ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်း (၃၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း (၈) ကျောင်း၊ စုစုပေါင်း (၁၈၈) ကျောင်းရှိကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတစ်၀န်း အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်း၊မူလတန်းကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ရက်နေ့အထိ သတ်မှတ်ခဲ့ကြောင်းသိရသည်။
ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန် တာ၀န်ရှိသူများမှ တာ၀န်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သွေးသွေး
ခရိုင် (ပြန်ဆက်)