မိုင်းရယ် ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းနှင့်ကြေးတိုင်ဦးစီးဌာနတို့ပူးပေါင်း၍ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် (၉) နာရီက နားခိုကျေးရွာတောင်သူ ဦးအိုက်ကျော်၏ စံပြကွက်၌ ပြုလုပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ မြေစာရင်းနှင့်ကြေးတိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်နှင့် ဝန်ထမ်းများက နွေစပါးတစ်ဧက တင်း ၁၂၀ နှင့်အထက် အထွက်နှုန်းရရှိရေး ၁၀ ဧကကို ၆ ဒသမ ၆ ပေ စံတိုင်းထွာပြီး ကောင်း၊ သင့်၊ ညံ့ သုံးကွက်အား ရိတ်သိမ်းခဲ့သည်။
ထို့နောက် စံကွက်အထွက်တိုင်းတာခြင်းများကိုဆောင်ရွက်ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း အစို ၁၄၄ ဒသမ ၅၃ တင်း၊ အခြောက် ၁၂၂ ဒသမ ၈၅ တင်း ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)