ကျိုက်လတ်မြို့၌ လစဉ် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

ကျိုက်လတ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယ‌မန်နေ့ နံနက် (၈) နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်  အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဝန်ထမ်းများက စနစ်တကျမှတ်တမ်းရေးသွင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မင်းအောင်