အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ ပညာသင်ကြားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် လှည့်လည်ကြည့်ရှု

ပဲခူး ဇွန် ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (အခြေခံပညာကျောင်းသို့ သွားရောက်ခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ပညာသင်ကြားနေမှုတို့အား လှည်လည့်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းသော သောက်သုံးရေအသုံးပြုနိုင်ရေး၊ လူစုလူဝေးဖြင့် ပညာသင် ကြားခြင်းဖြစ်၍ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး၊ ကျောင်းကျန်းမာရေး အသိပညာပေးခြင်း၊ စာရိတ္တချိန်များတွင် ကျောင်းသားသူများ စာကြည့်ခန်းသို့ ရောက်ရှိဖတ်ရှုစေရေး၊မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်းဆိုသည့် ဆောင်ပုဒ်အတိုင်း ဆရာနှင့် မိဘပူးပေါင်းဆောင်ရွက်မှသာ ကလေးငယ်များ အတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးနိုင်မှာဖြစ်၍ အခါအားလျော်စွာ ကျောင်းသားမိဘများနှင့် ထိတွေ့ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ အမှတ် () အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား လှည်လည့်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်သွားရန်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့်စိတ်ဓါတ်များ ဖြစ်ပေါ်လာစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်၊ ဆရာနှင့်ကျောင်းသား အချိုးမျှတမှုရှိစေရေး ဖြည့်ဆည်းသွားရန်၊ ကျောင်းစာကြည့်တိုက်များ စာသင်ချိန်အပြည့် ဖွင့်လှစ်ပေးထားရန်နှင့် စာကြည့်တိုက်များတွင် သုတ/ရသ၊ နည်းပညာစာအုပ်များအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအသိပညာပေးစာအုပ်စာစောင်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၄၉၆၉ကျောင်း ဖွင့်လှစ်ခဲ့ပြီး၊ ပဲခူးခရိုင်တွင် ကျောင်းသား/သူ(၁၉၇၉၃၃)ဦး၊ ညောင်လေးပင်ခရိုင်တွင် ကျောင်းသားသူ (၁၄၄၅၆၁ဦး၊ တောင်ငူခရိုင်တွင် ကျောင်းသားသူ (၁၅၇၇၅၇ဦး၊ ပြည်ခရိုင်တွင် ကျောင်းသားသူ (၈၉၄၂၄ဦး၊ နတ်တလင်းခရိုင်တွင် ကျောင်းသားသူ (၆၃၅၄၈ဦးနှင့် သာယာဝတီခရိုင်တွင် ကျောင်းသား/ သူ (၁၃၂၃၆၁ဦး၊ စုစုပေါင်း ကျောင်းသားသူ (၇၈၅၅၈၄ဦး တက်ရောက်သင်ကြားလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း (၄၅၂၂) ကျောင်းသားသူ စုစုပေါင်း (၇၅၈၆၄၂)ဦး တက်ရောက်သင်ကြားခဲ့သဖြင့် ယခုနှစ်တွင် အခြေခံပညာကျောင်းပေါင်း (၄၄၇ကျောင်း တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားသူ (၂၆၉၄၂ဦး ပိုမိုတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)