ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်း အခမ်းအနားတက်ရောက်

တိုက်ကြီး ဇွန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းဇော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစရိတ်ချေးငွေနှင့် စပ်လျဥ်း၍ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ၃၆.၀၃၅ ဘီလီယံကျပ်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းဇော်အား ပေးအပ်ခြင်း၊ တိုက်ကြီးခရိုင်အတွက် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ၆၄၈၅.၇၀ ကျပ်သန်းအား တိုက်ကြီးခရိုင် စံမံအုပ်ချုပ်ရေးအဖွဲ့ ဦးမြဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ကျော်စိုးတို့အား ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများအား ပေးအပ်သည်။ အဆိုပါ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံတောင်သူများ တက်ရောက်ကြောင်းသိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)