ကလေး ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၏ ပထမနှစ်(၂၀၂၃ အောင်)မှစ၍ မဟာဘွဲ့သင်တန်းများအထိကို တက္ကသိုလ်ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ် သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက စာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းတက်ရောက်မှုအခြေအနေများနှင့် ကျောင်းဆောင်များတွင် ရေလိုင်းပြုပြင်ဆောင်ရွက်မှုအခြေအနေများ လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ ကလေးတက္ကသိုလ်ကို သူနာပြုသင်တန်းကျောင်းတွင် နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ယာယီဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူဦးရေမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့အထိ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၃၅၃)ဦးရှိရာ လက်ရှိကျောင်းအပ်နှံပြီး ၇၃၀ ဦးရှိ၍ တက်ရောက်မှုဦးရေမှာ (၅၈)ဦးရှိကြောင်း အဆိုပါ တက္ကသိုလ်တာဝန်ရှိသူထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)