သထုံ ဇွန် ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်မီးသတ်တပ်ဖွဲ့မှဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်းကာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲညွန့်ထွေးက မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် မုန်တိုင်းမဖြစ်မီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးအချိန်တို့တွင် ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက ပြင်ဆင်ရန်လိုအပ်သည်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် အခြေအနေများနှင့် သတိပြုရမည့်အချက်များစသည့်တို့ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အကြင်နာတွဲလက် လူမှုကူညီရေးပရဟိတအဖွဲ့ဝင်များတို့က မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်သူများအားရှေးဦးပြုစုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မိမိတို့၏ ဘေးကင်းလုံခြုံရေးသတိပြုခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံပြုခြင်းစသည်တို့ကို သရုပ်ပြသဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)