အင်တော ဇွန် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတု မျှတကောင်းမွန်စေရန်နှင့် ရေထွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ကျောက်ဂူကျေးရွာ အနောက်ဖက် မိုင်းနင်းခရောင်းရေထွက်ဦးအနီး၌ သစ်ပင်များ စိုက်ပျိုးခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင်က သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းအကြောင်း ပြောကြားပြီး ပျိုးပင်အား တာဝန်ရှိသူတစ်ဦးအား ပေးအပ်သည်။ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ခါတော်၊ မဲဇလီ ၊ မျောက်ငို ၊ ကုက္ကိုယ် ၊ ရေတမာ ၊မန်ကျည်း စုစုပေါင်းပျိုးပင်(၁၀၈၀)ပင်ကို ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင်နှင့် ဝန်ထမ်းများ၊ အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာများ၊ ကျောက်ဂူနယ်မြေ ရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဆရာဆရာမများနှင့် ကျောင်းသားသူများ၊ ကျောက်ဂူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)