တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပေးအပ်

တိုက်ကြီး ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၃) ဖြင့် ဂျိုးဖြူကျေးရွာအုပ်စု ဂျိုးဖြူကျေးရွာတွင် ယနေ့နံနက် ၉ နာရီက  မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မင်းထွေးနှင့် ဝန်ထမ်းများက ဂျိုးဖြူကျေးရွာတွင်  အသက် ၁၀ နှစ်ပြည့်ပြီးသူ ၅၀ ဦးနှင့်အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ၇၀  ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးသည်။

တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)