ဓနုဖြူ ဇွန် ၅
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ရေလဲကျေးရွာအုပ်စု၊ တင်းကုတ်စုကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ်ဦးအောင်မျိုးမင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်တို့က မန်ဂျန်ရှား(၂၀၀)ပင်၊ ကျွန်း(၇၅)ပင်၊ ယူကလစ်(၇၅)ပင်၊ မဟော်ဂနီ(၁၅၀)ပင် စုစုပေါင်း (၅၀၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)