ညောင်တုန်းမြို့၌ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း အသိပညာပေးဆွေးနွေး

မအူပင် ၊ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မအူပင်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ ယနေ့နံနက် (၉)နာရီက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲအား မအူပင်ခရိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသည့် မိုးစပါးစိုက်တောင်သူ (၁၉၀)ဦးခန့်အား မအူပင်ခရိုင် မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံ ဒေါ်နီလာအေးမှ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့်‌ တောင်သူများအား ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                             

အောင်မြင့်မြတ်(ပြန်/ဆက်)