အိမ်မဲမြို့နယ် အ.မ.ကမြို့မ (၂)တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲပြုလုပ်

အိမ်မဲ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် အ.မ.က မြို့မ-၂ ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၂၄ ခုနှစ် ဆောင်ပုဒ်အကြောင်း၊ သစ်တောသစ်ပင်များ ချစ်ခင်တက်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတက်စေရန်နှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/သူများကို စာအုပ်ပြပွဲနှင့်စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။

ထိုကဲ့သို့အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ ရရှိလာမှာဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများကို မြို့နယ် Community Centre ခန်းမတွင်သာမက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များရှိမည့် စာသင်ခန်းများအရောက် စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)