ကျေးသီး ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်အတွင်းရှိ ကလေးငယ်များအားလစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်၊၊
ကျေးသီးမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်မိုးမိုးအေးနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်ရှိ ကလေးငယ်များအား အခြားရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်းများ ပြုလုပ်ပေး၍ အသက် (၁) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)ဆေး၊ ပြင်းထန်းအဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးများ၊ ပိုလီယိုကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ကျေးသီး(ပြန်/ဆက်)