ညောင်တုန်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်၊ ဆရာ/ဆရာမနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံမှု အခြေနေများနှင့် ပညာရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ စက္ကော့အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (စက္ကော့)သို့ ရောက်ရှိခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး၍ ဆရာ/ဆရာမ များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးရာ ဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)