2024 World Environment Day ကို ဂုဏ်ပြုသောအားဖြင့် Green Challenge Association ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ ဒုတိယအကြိမ် အပင်စိုက်အစီအစဉ် ကျင်းပမည်

ပြင်ဦးလွင် ဇွန် ၆

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သော 2024 World Environment Day ကို ဂုဏ်ပြုသောအားဖြင့် Green Challenge Association ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ ဒုတိယအကြိမ် အပင်စိုက်အစီအစဉ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ အပင်စိုက်အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီတွင် ဘန့်ကြီးတောင်တောရ၊ ခြေမြစ်ပင်နှင့် ဝက်ဝံကျေးရွာအနီး၊ ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အပင် ၃၀၀ခန့် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် အ.ထ.က (ဝက်ဝံ) နှင့် အ.မ.က ကျောင်းများတွင် အပင်များ စိုက်ပျိုးပေးမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ချစ်ခင်မြတ်နိုးသူများနှင့် စိုက်ပျိုးရန် ပျိုးပင်ပါဝင်လှူဒါန်းလိုသည်များ မည်သူမဆို ပူးပေါင်းပါဝင်ကုသိုလ်ယူကာ လုပ်အားဒါနပြုနိုင်ကြောင်း Green Challenge Association ထံမှ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)