သာယာဝတီ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ သာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲ ပြုလုပ်လျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ရေးအတွက် လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တက်ရောက်လာကြသူများအားလုံး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ထို့နောက် စာဖတ်ရှန်မြှင့်တင်ရေးနှင့် စာအုပ်လှူဒါန်းပွဲတွင် ပူးပေါင်းဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများက ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)