သရက်မြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးခြင်း ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား မြို့နယ်အဆင့်သား အိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့၌ စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့်

မင်းတုန်းမြို့နယ် တံတားကျေးရွာရှိ မျိုးစေ့ထုတ် စပါးခင်းတွင် ဖြုတ်ပိုးကျရောက်မှုအား မီးရောင်ထောင်ချောက်အသုံးပြု၍ နှိမ်နင်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇)တွင် စိုက်ပျိုးထားသည့် မျိုးစေ့ထုတ် မှော်ဘီ-၂ စပါးခင်းများတွင် ဖြုတ်ပိုးကျရောက်မှုကို ယမန်နေ့ည ၇ နာရီက (IPM နည်းပညာ) ဘက်စုံသီးနှံဖျက်ပိုး ကာကွယ်ရေးနည်းပညာဖြင့် မီးရောင်ထောင်ချောက်အသုံးပြု၍ ကာကွယ်နှိမ်နင်းသည့်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၊ (WISDOM HILL PRIVATE HIGH SCHOOL) ၌ လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (WISDOM HILL) ကိုယ်ပိုင်အထက်တန်းကျောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက (WISDOM HILL PRIVATE HIGH SCHOOL) ၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့၌ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက သစ်လေးလုံးကျေးရွာ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံဆောင်ရွက်ပေးကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ်ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ယမန်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော ဒုဦးမှူး ဦးသိန်းကိုကိုအပါအဝင် (၅)ဦး၊ အမှတ်(၃)နယ်‌မြေရဲစခန်းမှ ဒုရဲအုပ် ဝေယံလင်း(၁+၁)၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင့်ထူးအောင်၊ ဇမ္ဗူသီရိမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု (၁)မှ တပ်ကြပ်ကြီး ဦးအောင်ထွေးဦး၊ ထပရ ၉၃၅ မှ ဒုအရာခံ ဗိုလ်မျိုးနောင်အပါ (၄)ဦး၊ အမှတ်(၇)မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦတင်ရွှေမောင် ပူးပေါင်းအဖွဲ့တို့သည် အောင်ဇဗ္ဗူရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ ဇီဇဝါပန်းအဝိုင်းအနီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များစစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၁၄၅ စီးခန့်၊ ဆိုင်ကယ် ၁၂၈ စီး၊ အိုးဝေ ၁၅ စီးခန့် လူဦးရေ ၅၆၆ ဦးခန့်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝှီးတက် သက်တမ်းလွန် (၁)မှုတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ တုတ်/ဓား လက်နက်များ စစ်ဆေးခဲ့ခြင်းတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကလောမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန် ကလောမြို့ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ကလောတပ်နယ် ဒုတိယကျောင်းအုပ်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် လုပ်ငန်းရှင်များ၊ ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
Subscribe to