သရက်မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် တတိယအကြိမ် စိုက်ပျိုးရေးကဏ္ဍနှင့် သမဝါယမကဏ္ဍ အဆိုပြုလုပ်ငန်းမျာအတွက် ချေးငွေထုတ်ချေးမှုအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံစီးပွား မြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ဖြင့် တတိယအကြိမ် စိုက်ပျိုးရေးကဏ္ဍနှင့်သမါယမကဏ္ဍ အဆိုပြု လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးမှုအခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ မွန်းတည်း (၁၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စုတွင် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများကို ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် သီပေါ်ရွာသစ်ကြီးရွာရှေ့တွင်  ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ကအခြေခံပညာအထက်တန်းကျောင်း (‎ရွှေမြယာ) ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး၊ နှမ်းဈေးကောင်း၍ တောင်သူများ သီးနှံဝင်ငွေကောင်း၍ အကျိုးအမြတ်ရရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများ ငှားရမ်း၍ ဩဂုတ်လပထမပတ်က စတင်ရိတ်သိမ်းလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် နှမ်းဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

တနင်္သာရီမြို့နယ်၌ ကျောင်းသူ/သားများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/သားလူငယ်လူရွယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့်ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ အ.ထ.က-တနင်္သာရီ ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်သည်။

မှော်ဘီမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သာပေါင်းမြို့နယ်တွင် ကျေးရွာချင်းဆက် တံတားပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တတ်လာမှုကြောင့် ဒည်ကုန်း‌ကျေးရွာအုပ်စုရှိ ကျေးရွာချင်းဆက် တံတားပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မြဝတီမြို့ရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)နှင့် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)တို့ ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Subscribe to