ရန်ကုန် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးကျော် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၈၉) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အမှတ် ၈၉ ရပ်ကွက်၊ အမှတ် ၈၁ ရပ်ကွက်နှင့် အမှတ် ၉၄ ရပ်ကွက် တို့တွင် ဇွန်လ (၇)ရက်နှင့် (၈) ရက် (၂) ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့်ကြကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)