ကျိုင်းတုံ ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်နက်များကျွမ်းကျင်စွာပစ်ခတ်နိုင်ရေး(ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက အမှာစကားပြောကြားသည်။ သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး ၄၀ မမ ဗုံးပစ်လောင်ချာ(M-79)နှင့် ၆၀ မမ စိန်ပြောင်း(MA-9) လက်နက်များ ကျွမ်းကျင်စွာ အသုံးပြုပစ်ခတ်နိုင်ရေး ဇွန် ၁၀ ရက်မှ ၂၁ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)