နတ်မောက်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

နတ်မောက် ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက် (၉) နာရီ အချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆရာမများက သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းများ ပြုလိုက်ပြီးမှသာ ကာကွယ်ဆေးများဖြစ်သည့် မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ သံဓာတ်အားဆေးပြားများ ပေးခြင်းပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မြို့ပေါ် (၇) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အင်းကုန်းကျေးရွာနှင့် စျေးသာကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်တို့အား ဆေးထိုး၊ ဆေးပေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း သက်ဆိုင်ရာ​ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လှဝင်း