ညောင်တုန်း ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ နိုင်ငံတက္ကသိုလ်များလက်ရွေးစင် ဘော်လီဘောအသင်းနှင့် မအူပင်ခရိုင် လက်ရွေးစင် ဘော်လီဘောအသင်းတို့၏ ချစ်ကြည်ရေးလက်ရည်စမ်းယှဉ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်တုန်းမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ထိုသို့ ချစ်ကြည်ရေးလက်ရည်စမ်းယှဉ်ပြိုင်ကစားရာတွင် မြန်မာနိုင်ငံတက္ကသိုလ်များလက်ရွေးစင် အမျိုးသမီးအသင်းက ညောင်တုန်းမြို့ အိုးလ်စတားဘော်လီဘောအသင်းနှင့်လည်းကောင်း၊ မြန်မာနိုင်ငံတက္ကသိုလ်များလက်ရွေးစင် အမျိုးသားအသင်းက မအူပင်ခရိုင်လက်ရွေးစင် ဘော်လီဘော အသင်းနှင့်လည်းကောင်း လက်ရည်စမ်းယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နှစ်ဖက်အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့်အဖွဲ့ဝင်များ၊ ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)