ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘားအံမြို့ရေကြီးရေလျှံမှု လျော့နည်းစေရေး တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သောင်တူးဌာနခွဲမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘားအံမြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ညနေပိုင်းအချိန်က ရေယာဉ်ဖြင့် သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမှ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြသည်။

အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း၌ အာဟာရငှက်ပျောသီးများ ဒါနကုသိုလ်ပြု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဖွင့်လှစ်နေသည့် နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်း၌ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နှင်းယုသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အာဟာရငှက်ပျောသီးများ ဒါနကုသိုလ်ပြု ကျွေးမွေးခဲ့ကြောင်း  သိရသည်။

မြစ်သားမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်း ပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၁၄ ရက် နံနက်  ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၈)ခုတို့၌ ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပ‌ဗေဒနှင့် သမိုင်းဘာသာရပ်ကို မတ် ၁၆ ရက်နေ့နံနက် ၉ နာရီက စာစစ်ဌာန(၈)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာရပ်တွင် ၈၄၇ ဦးနှင့် သမိုင်းဘာသာရပ်တွင် ၈၆ ဦး၊ စုစုပေါင်း ၉၃၃ ဦး ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာနှင့် သမိုင်းဘာသာတို့ကို တံတားဦးမြို့နယ် အ.ထ.က၊ တံတားဦးစာစစ်ဌာနနှင့် အ.ထ.က၊ ချောင်းခွစာစစ်ဌာနတို့တွင် ယမန်နေ့နံနက် ၉ နာရီက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Coummity Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက‌ကျင်းပသည်။

အင်္ဂပူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူများဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် မတ် ၁၆ ရက်နေ့နံနက် ၉ နာရီအချိန်က ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများအား အလှူရှင်များက အချိုရည်ဘူးများလှူဒါန်း

၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade- 12) ကို မတ် ၁၁ ရက်က စတင်ဖြေဆိုလျက်ရှိရာ မတ် ၁၆ ရက်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အထက(၁)ကန့်ဘလူ စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး စာဖြေခန်းမှထွက်ခွာလာသည့် ကျောင်းသားကျောင်းသူများအား အလှူရှင်များက အချိုရည်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ဆင်းရွှေကြာ(၂)မျိုး နေကြာစိုက်ခင်းများ စတင်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ တောင်သူများသည် ကုလားပဲ၊ မြေပဲ၊ မတ်ပဲတို့နှင့်အတူ ဆောင်းနေကြာကိုလည်း သီးညှပ်စိုက်ပျိုးကြသည့်အပြင် သီးသန့်လည်းစိုက်ပျိုးလျက်ရှိရာ မြို့နယ်အတွင်း ဆောင်းနေကြာ (၈၉၉)ဧက စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝ​ဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ရမည်းသင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ခုနှစ်နေရာ၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၄ ဒသမ ၇၈ ရာခိုင်နှုန်း  ဖြေဆိုခဲ့သည်။
Subscribe to