၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝ​ဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

ရမည်းသင်း မတ် ၁၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ရမည်းသင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ခုနှစ်နေရာ၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၄ ဒသမ ၇၈ ရာခိုင်နှုန်း  ဖြေဆိုခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း၌ စာစစ်ဌာန စုစုပေါင်း ခုနှစ်ခု သတ်မှတ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၄၁၈ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၃၄၄ ဦး၊ ပျက်ကွက်ကျောင်းသား ၇၄ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာန ပတ်ဝန်းကျင်များ၌ ဆူညံသံများ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး စသည်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)