ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအား အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယနေ့နံနက်ပိုင်းက ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်များကို ကျောင်းသား/ သူများအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ TalkShow ပြုလုပ်

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ TalkShow ပြုလုပ် တောင်ဥက္ကလာပ မတ် ၁၇ မြို့နယ်(ပြန်/ဆက်)

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီး

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ် ၁၁ ရက်မှစတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ် ၁၇ ရက် နံနက်ပိုင်းက  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဆဌမ‌နေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ  အေးချမ်းစွာ  ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဆက်လက်ဖြေဆို၊ သမိုင်းဘာသာရပ်ဖြေဆိုသူမရှိ

ရေဖြူမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်၁၁ရက်မှ ၁၇ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉နာရီက ရူပဗေဒဘာသာရပ်ကို စိတ်အေးချမ်းပျော်ရွှင် စွာဖြေဆိုပြီးဖြစ်သည်။

ပင်းတယမြို့နယ်၌ မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့်လုပ်ငန်း လုပ်ကိုင်နေသူများအား  တာဝန်ရှိသူများမှ နယ်လှည့်ကွင်းဆင်း ကြည့်ရှု

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း ထူ‌ထောင်လုပ်ကိုင်နေကြသူများအား မတ်လ ၁၆ ရက်နေ့တွင် တာဝန်ရှိသူများက နည်လှည့်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင်၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အဖွဲ့သည် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကော့သောင်းမြို့၌  တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများ  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမတွင် ကျင်းပသည်။

ငဖဲမြို့နယ် အ.လ.က(မင်းလွင်ကျေးရွာ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အခြေခံပညာကျောင်းများမှ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းလွင်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းတွင် ဆောင်ရွက်သည်။

ပုလောမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌ္ဓမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အထက(၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ ဆဌ္ဓမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို မတ်လ ၁၇  ရက်နေ့  နံနက် ၉ နာရီတွင် အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to