ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ် ကဇင်းကြီးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ထွန်တုံးပိတ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းကျေးရွာအုပ်စု၊ ကဇင်းကြီးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ရေတော်မိုး‌တော် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌  ဒီရေတောသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရှောက်ချောင်း ကျေးရွာအုပ်စု ငွေသဇင် (၂)ကျေးရွာတွင် ဆောင်ရွက်သည်။

ဘိုကလေးမြို့နယ်တွင် ကဏ္ဍစုံအသိပညာပေးဟောပြောပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘိုကလေးမြို့၊ အခြေခံပညာ လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကာ ကျောင်းသား/သူများအား ကဏ္ဍစုံ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ကြသည်။

ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးအရောင်များ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ နေအိမ်များနှင့် လုပ်ငန်းများက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (အလယ်ပိုင်း)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity(UID)ကတ်များ ပြုလုပ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ်ရုံး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (Unique Identity)ကတ်များပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဟင်္သာတတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား/ သူများမှ ယနေ့နံနက်ပိုင်းက  စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

နမ့်စန်မြို့ အ.ထ.က(မြို့မ)ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to