အင်္ဂပူ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် မတ် ၁၆ ရက်နေ့နံနက် ၉ နာရီအချိန်က ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
စာစစ်ဌာနများရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ စီမံမှုဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိစာစာဌာန(၇)ခုတွင် သမိုင်းဘာသာရပ်ကို ကျောင်းသား ၂၆၀ ဦး၊ ကျောင်းသူ ၃၈၂ ဦး၊ စုစုပေါင်း ၆၄၂ ဦးနှင့် ရူပဗေဒဘာသာရပ်ကို ကျောင်းသား ၂၅၈ ဦး၊ ကျောင်းသူ ၄၁၁ ဦး စုစုပေါင်း ၆၆၉ ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)