ညောင်ရွှေမြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများပြောင်းလဲကျင့်သုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

သီပေါမြို့နယ်တွင် အိမ်တွင်းလက်မှုပညာ (တစ်ချောင်းထိုး) သင်တန်း ဖွင့်လှစ်

အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အာရုံစူးစိုက်မှု အားကောင်း၍ ဉာဏ်ရည်ထက်မြက်လာစေရန်နှင့် အသုံးအဆောင်ပစ္စည်းများကိုယ်တိုင်ဖန်တီးပြုလုပ်တတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက အိမ်တွင်းလက်မှုပညာတစ်မျိုးဖြစ်သည့် တစ်ချောင်းထိုးနည်းဖြင့် ပန်း၊ အရုပ်၊ အိတ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီဆွဲပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀) နာရီအချိန်က ပန်းချီဆွဲပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ ‌ဈေးကွက်ဝင်ကော်ဖီ ပျိုးထောင်စိုက်ပျိုးနည်း လက်တွေ့သရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မိုးနဲမြို့နယ်၊ ကွန်နားကျေးရွာအုပ်စု၊ လွယ်လင်းကျေးရွာတွင် ဈေးကွက်ဝင်ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်စေရန်‌နှင့် ကော်ဖီစိုက်ဧရိယာများ တိုးတက်လာစေရန်အတွက် ကော်ဖီမျိုးဖြန့်ဝေခြင်း၊ ကော်ဖီပျိုးထောင်စိုက်ပျိုးနည်းစနစ်များပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊သူ စုစုပေါင်း  ၁၆၅၆ ဦး လာရောက်ဖြေဆိုကြောင်းသိရသည်။

ဘုတ်ပြင်းမြို့၌  တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာနှင့်ဘောဂဗေဒဘာသာ အေးချမ်းစွာ ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာနှင့်ဘောဂဗေဒဘာသာကို ယနေ့နံနက်ပိုင်းက အထက(ဘုတ်ပြင်း) စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် လူငယ်နှင့်အနာဂတ်အကြောင်းအသိပညာပေး (TALK SHOW) ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထိုမြို့နယ်တွင် လူငယ်နှင့်အနာဂတ်အကြောင်းအသိပညာပေး (TALK SHOW) ဆွေးနွေးပွဲပြုလုပ် ကျိုက်ထို မတ် ၁၇ ပြည့်ဖြိုး(ကျိုက်ထို)

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝ​ဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးနေရာ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုသည်။
Subscribe to