တံတားဦးမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပဉ္စမနေ့ ရူပဗေဒဘာရပ်တွင် ၈၄၇ ဦးနှင့် သမိုင်းဘာသာရပ်တွင် ၈၆ ဦး၊ စုစုပေါင်း ၉၃၃ ဦး ဖြေဆို

တံတားဦး မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာနှင့် သမိုင်းဘာသာတို့ကို တံတားဦးမြို့နယ် အ.ထ.က၊ တံတားဦးစာစစ်ဌာနနှင့် အ.ထ.က၊ ချောင်းခွစာစစ်ဌာနတို့တွင် ယမန်နေ့နံနက် ၉ နာရီက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် အ.ထ.က၊တံတားဦး စာစစ်ဌာနနှင့် အ.ထ.က၊ ချောင်းခွစာစစ်ဌာနတို့တွင် ရူပဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိူသူ ကျောင်းသား ၃၃၈ ဦး၊ ကျောင်းသူ ၅၁၉ ဦး၊ စုစုပေါင်း ၈၄၇ ဦး၊ သမိုင်းဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၃၃ ဦး၊ ကျောင်းသူ ၅၃ ဦး၊ စုစုပေါင်း ၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းနှင့်အပြင်များ၌ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လုံခြုံရေးကိစ္စများ ကျန်းမာရေးကိစ္စများကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

ရဲတင့်(ပြန်/ဆက်)