မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင်အခြေခံရရှိစေရန် ရည်ရွယ်၍ မတ် ၁၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပသည်။