ကျိုက်လတ် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို မတ် ၁၆ ရက်နေ့နံနက် ၉ နာရီက စာစစ်ဌာန(၈)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၈)ခုအဖြစ် အသုံးပြုလျက်ရှိပြီး တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၁၄၈)ဦး ရှိပြီး ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၉၀) ဦး စုစုပေါင်း(၁၃၃၈)ဦးတို့ ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်လတ်မြို့နယ်ရှိ စာစစ်ဌာန(၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြီးကြပ်ပေးလျက်ရှိပြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များအပါအဝင် စာသင်ကျောင်းအပြင်စည်း/ အတွင်းစည်းလုံခြုံရေးထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်