တနိုင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ကျောင်းသား/ ကျောင်းသူများ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆို

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၆ ရက်နေ့နံနက် ၉ နာရီက အထက-၁ တနိုင်းစာစစ်ဌာနနှင့် အထက-ရှင်ဗွေယန် စာစစ်ဌာန၌ ဇီဝဗေဒ ဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ် ဖြေဆိုကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့ ဆားရွှေကင်း ဝန်ထမ်းအိမ်ရာ အပ်နှင်းပွဲအခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် ဆားရွှေကင်းဝန်ထမ်းအိမ်ရာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ ဆားရွှေကင်းရက်ကွက်ရှိ အဆိုပါအိမ်ရာဝင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အဆင့်မြင့်သန့်စင်ခန်း (ကုဋီ)တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ရေစက်ချတရားတော်နာ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ရွှေမြင်းဝန်ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ လာရောက်သည့် ဘုရားဖူးလာပြည်သူများ၊ ရဟန်းရှင်သံဃာတော်များ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် ဗုဒ္ဓကလျာဏယုဝအသင်းမှ ဦးဆောင်၍ အလှူရှင်ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသည့် အဆင့်မြင့်သန့်စင်ခန်း (ကုဋီ) တည်ဆောက်ပြီးစီးခြင်း အထိမ်းအမှတ် ရေစက်ချတရားတော်နာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀:၀၀)နာရီ၌ ​အဆိုပါ စေတီတော်မြတ်ကြီးအတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ရေသန့်နှင့်မုန့်များ လှူဒါန်း

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတ်မှတ်စာစစ်ဌာနများ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဆဌမနေ့ အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနတွင် ဆက်လက်ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

အိမ်မဲမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (ဇီဝဗေဒနှင့်ဘောဂဗေဒ) ဘာသာရပ်များအား ကျောင်းသား/ သူများ ဖြေဆိုလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၁၀) ခုဖြစ်သော အထက-၁   တွင် (၂၁၅) ဦး အထက-၂ တွင် (၂၀၀) ဦး အထက-ရွာသစ်တွင် (၁၇၆) ဦး၊ အထက-ကြို့ကုန်းတွင် (၁၇၃)ဦး အထက-တကူဆိပ်တွင် (၉၈) ဦး အထက-ဝါးတလုတ်ကမ်းနီတွင် (၅၉) ဦး အထက- လူကောင်းကျွန်းတွင် (၄၁) ဦး အထက-ကျုံတလုတ်တွင် (၃၇) ဦး အထက-ဘုရားကြီးကုန်းတွင် (၇၃) ဦး၊ အထက-ကြခတ်ကွေ့တွင် (၅၅)ဦးစသည့် စာစစ်ဌာန၁၀ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၁၂၇ ဦး တို့သည် မတ် ၁၇ ရက်နေ့နံနက် ၉ နာရီက ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကိုအေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ်ရှိ ဈေးဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် စားအုန်းဆီရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၁၅ ရက်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျုံပျော်မြို့နယ်၌ စုံ/မ နံပါတ် အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အထောင်မြို့၌ စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို မတ် ၁၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန အပါအဝင်စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဆဋ္ဌမနေ့ ကျောင်းသား /ကျောင်းသူ (၁၂၃၆) ဦး ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာနအပါအဝင် စာစစ်ဌာန (၁၀)ခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဆဌမနေ့ (ဇီဝဗေဒဘာသာရပ်၊ ဘောဂ‌ဗေဒဘာသာရပ်၊ လူမှုရေးသိပ္ပံ၊ စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေးဘာသာရပ်)တို့အားကျောင်းသား /ကျောင်းသူ (၁၂၃၆) ဦး ယနေ့ နံနက်ပိုင်းက စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိ‌ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ကျောင်းသား/ ကျောင်းသူများ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့ ကစတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန စုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် ယနေ့ စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် မတ် ၁၆ ရက်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to