တိုက်ကြီးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့နံနက် (၉:၃၀) အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ(တာဝန်)၊ မော်လမြိုင်ခရိုင် ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယခရိုင်ဥပဒေအရာရှိ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

စက်မှုဇုန်များတွင် သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက်‌ နေ့ နံနက် ၉ နာရီ အချိန် စက်မှုဇုန်များတွင် ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ (၇၈)လမ်း (ရန်မန်းလမ်းဟောင်း)နှင့် တံခွန်တိုင်ဝိုင်းအနီးရှိ မျိုးသိမ်းဓမ္မာရုံတွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ယနေ့နံနက် ၉ နာရီခွဲက Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

တာချီလိတ်မြို့၌ ‎ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဝီဖာမုန်တိုင်းအရှိန်ကြောင့် ဇူလိုင် ၂၁ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ယမန်နေ့ ညနေ ၆  နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်ကာ ယနေ့နံနက်ပိုင်းအထိ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။

ခရမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငလျင်ဘေးအန္တရာယ်ဆိုင်ရာလက်တွေ့ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ဇာတ်တိုက်၊ လေ့ကျင့်သရုပ်ပြသခြင်း အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (မန္တလေး)၌ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း (မန္တလေး)၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်သူဇာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးပြည်သူ့ဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်လင်းနှင့် ကျန်းမာရေးဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ကျောင်းသူများစုစုပေါင်း ၃၅၀ ဦး ပါဝင်ပူးပေါင်းဆောင်ရွက်ကြသည်။

ကျိုင်းတုံမြို့၌  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူသည့်ဘဏ်၌ UID (Smart Card)များ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID (Smart Card)များ အခမဲ့ပြုလုပ်ပေးခြင်းကို ယမန်နေ့က ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေဘဏ်တွင် ဆောင်ရွက်ပေးသည်။
Subscribe to