ကန့်ဘလူ မတ် ၁၇
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade- 12) ကို မတ် ၁၁ ရက်က စတင်ဖြေဆိုလျက်ရှိရာ မတ် ၁၆ ရက်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အထက(၁)ကန့်ဘလူ စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး စာဖြေခန်းမှထွက်ခွာလာသည့် ကျောင်းသားကျောင်းသူများအား အလှူရှင်များက အချိုရည်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အ.ထ.က(၁)ကန့်ဘလူစာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူ ၉၄၄ ဦးနှင့်တာဝန်ကျ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား အချိုရည်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)