မုဒုံ ဇွန် ၁၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အ.ထ.က (၁) ၊ အ.ထ.က (ကမာဝက်)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ ထုတ်ပြန်ကြေငြာသည်။
အောင်စာရင်းများ ထုတ်ပြန်ကြေငြာရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က ပူးပေါင်း၍ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ စာရင်းရှိ ကျောင်းသား/သူ (၇၆၆)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၇၄၈) ဦး၊ပျက်ကွက် (၁၈)ဦးရှိပြီး အောင်မြင်သူ(၄၈၅)ဦးဖြင့် အောင်ချက်(၆၄ ဒသမ ၈၄)ရာခိုင်နှုန်းရှိရာ ၆ ဘာသာဂုဏ် ထူးရှင် ၁၀ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၆၃ ဦး ဂုဏ်ထူးရရှိသူ စုစုပေါင်း ၁၃၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)
 
    