မြောင်းမြ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ခရိုင်အတွင်းရှိ (မြောင်းမြ၊အိမ်မဲ၊ဝါးခယ်မ) မြို့နယ်များ၌ ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် VDP ကျေးရွာ (၂၄) ရွာအား တစ်ရွာလျှင် ရန်ပုံငွေ ကျပ်သိန်း (၁၅၀) စီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြို့နယ်များကိုယ်စား ကျေးရွာကော်မတီဥက္ကဋ္ဌတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို မြောင်းမြခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းအကောင်အထည်ဖော်မည့် VDP ကျေးရွာ (၂၄) ရွာမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)
 
    