ချမ်းမြသာစည် ဇွန် ၁၁
ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများအား ကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အဆင်ပြေချောမွေ့စွာရရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သက်ဆိုင်ရာရပ်ကွက်များအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့
 
    