ကွန်ဟိန်း ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ (နမ့်ကုန်) မူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့နံနက် (၁၀) နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအား ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
 
     
     
    