ကန်ကြီးထောင့်မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန အပါအဝင်စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဆဋ္ဌမနေ့ ကျောင်းသား /ကျောင်းသူ (၁၂၃၆) ဦး ဖြေဆို

ကန်ကြီးထောင့် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာနအပါအဝင် စာစစ်ဌာန (၁၀)ခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဆဌမနေ့ (ဇီဝဗေဒဘာသာရပ်၊ ဘောဂ‌ဗေဒဘာသာရပ်၊ လူမှုရေးသိပ္ပံ၊ စားမြုံ့ပြန်သတ္တဝါ မွေးမြူထုတ်လုပ်ရေးဘာသာရပ်)တို့အားကျောင်းသား /ကျောင်းသူ (၁၂၃၆) ဦး ယနေ့ နံနက်ပိုင်းက စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိ‌ကြောင်းသိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန(၉)ခုဖြစ်သော အ.ထ.က-ကန်ကြီးထောင့်၊ အ.ထ.က(ဒါးက)၊ အ.ထ.က(ကျိုက်လတ်)၊ အ.ထ.က(ဆပ်ကွင်း)၊ အ.ထ.က(တကုန်းကြီး)၊ အ.ထ.က(ကုလားကွင်း)၊ အ.ထ.က(မြင်းကဆိပ်)၊ အ.ထ.က(ကံရွာ) နှင့် အ.ထ.က (ဝဲကြီး)တို့တွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၂၈၈) ဦးရှိသည့်အနက် ယနေ့ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုသူဦးရေ (၂၆၂)ဦး၊ ပျက်ကွက်သူဦးရေ(၉) ဦးရှိပြီး စုစုပေါင်းဖြေဆိုရာခိုင်နှုန်းမှာ (၉၆.၆၈)ရာခိုင်နှုန်း ရှိကြောင်း၊ ဘောဂဗေဘာသာရပ် ဖြေဆိုသူဦးရေ (၉၄၂)ဦး၊ ပျက်ကွက်သူဦးရေ(၇၅) ဦးရှိပြီး စုစုပေါင်း ဖြေဆိုရာခိုင်နှုန်းမှာ (၉၂.၆၃)ရာခိုင်နှုန်းရှိကြောင်း၊ အလားတူ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စာစစ်ဌာနတွင်လည်း စာရင်းရှိ ကျောင်းသား/ ကျောင်းသူ(၃၂) ဦးရှိသည့်အနက် ယနေ့ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေးဘာသာရပ်အား ဖြေဆိုသူဦးရေ (၃၂)ဦး၊ ပျက်ကွက်သူမရှိဖြစ်ပြီး စုစုပေါင်းဖြေဆိုရာခိုင်နှုန်းမှာ (၁၀၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်‌အောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)