တနိုင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ကျောင်းသား/ ကျောင်းသူများ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆို

တနိုင်း မတ်လ ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၆ ရက်နေ့နံနက် ၉ နာရီက အထက-၁ တနိုင်းစာစစ်ဌာနနှင့် အထက-ရှင်ဗွေယန် စာစစ်ဌာန၌ ဇီဝဗေဒ ဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ် ဖြေဆိုကြောင်း သိရသည်။

ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုရာတွင် အထက - ၁ တနိုင်း စာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ် အတွင်း၊ပြင်ပ ဖြေဆိုသူ ၇၄ ဦးနှင့် ဘောဂဗေဒဘာသာရပ်အတွင်း၊ ပြင်ပ ဖြေဆိုသူ ၃၈၆ ဦး၊ အထက-ရှင်ဗွေယန် စာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်အတွင်း၊ ပြင်ပဖြေဆိုသူ ၂၂ ဦးနှင့် ဘောဂဗေဘာသာရပ်အတွင်း၊ ပြင်ပဖြေဆိုသူ ၁၂၅ ဦး စိတ်ချမ်းမြေ့စွာဖြေဆိုကြောင်း သိရသည်။

 အဆိုပါ ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုရာ၌ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌမြို့နယ် ရဲမှုးမြသောင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များနှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အတွင်းစည်း၊ အပြင်စည်းများ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)