ကျုံပျော်မြို့နယ်၌ စုံ/မ နံပါတ် အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ စစ်ဆေး

ကျုံပျော် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အထောင်မြို့၌ စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို မတ် ၁၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ အထောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အထောင်မြို့၊ ဦးလူဝလမ်းဆုံနှင့် အထောင်ဈေးရှေ့တို့၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအနေဖြင့် သတ်မှတ်ထားသည့် စုံ/မ နေ့ရက်များအတိုင်း ပြင်ပထွက်ခွာသွားလာနိုင်ရေး၊ စုံ/မ နေ့ရက်ခွဲခြားသတ်မှတ်ထားရှိမှု အခြေအနေများအား အသိပညာပေးရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)