အိမ်မဲမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (ဇီဝဗေဒနှင့်ဘောဂဗေဒ) ဘာသာရပ်များအား ကျောင်းသား/ သူများ ဖြေဆိုလျက်ရှိ

အိမ်မဲ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၁၀) ခုဖြစ်သော အထက-၁   တွင် (၂၁၅) ဦး အထက-၂ တွင် (၂၀၀) ဦး အထက-ရွာသစ်တွင် (၁၇၆) ဦး အထက-ကြို့ကုန်းတွင် (၁၇၃)ဦး အထက-တကူဆိပ်တွင် (၉၈) ဦး အထက-ဝါးတလုတ်ကမ်းနီတွင် (၅၉) ဦး အထက- လူကောင်းကျွန်းတွင် (၄၁) ဦး အထက-ကျုံတလုတ်တွင် (၃၇) ဦး အထက-ဘုရားကြီးကုန်းတွင် (၇၃) ဦး အထက-ကြခတ်ကွေ့တွင် (၅၅)ဦးစသည့် စာစစ်ဌာန၁၀ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၁၂၇ ဦး တို့သည် မတ် ၁၇ ရက်နေ့နံနက် ၉ နာရီက ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကိုအေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် STEAMS-1,STEAMS-2 ဘာသာရပ်အလိုက်ဖြေဆိုမှုစာရင်းရှိ ၁၂၁၇ ဦးရှိသော်လည်း ၉၀ ဦးဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး ၁၁၂၇ ဦးသာဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉ ဒသမ ၆၀ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ)