ရေကြည် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် စားအုန်းဆီရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၁၅ ရက်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို ရေကြည်မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရေကြည်မြို့နယ်ရှိစားအုန်းဆီရောင်းချသောစျေးဆိုင်များတွင် စားအုန်းဆီခွဲတမ်းရရှိမှု၊ ရောင်းချပြီး၊ ရောင်းချရန်ကျန်ရှိမှုများနှင့် ရောင်းချသည့် စျေးနှုန်းများ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြန့်ဝေရောင်းချလျက်ရှိသော ဆိုင်များလည်း သတ်မှတ်စျေးနှုန်းများ အတိုင်းရောင်းချရေးတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)