သထုံမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်

သထုံ ဇွန် ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်က ဆင်ဖြူကျွန်းကျေးရွာ  တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် ရွှေဝါထွန်းမျိုးစပါးများအား လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ဆင်ဖြူကျွန်းကျေးရွာရှိ တောင်သူဦးစောသိန်းစိုး၏ လယ်ယာမြေ၌ ပြုလုပ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သထုံမြို့နယ်အတွင်းရှိ တောင်သူ ၁၀၀ ဦးတို့အတွက် မျိုးစေ့ချကိရိယာ (Seeder) ၁၀၀ ကို အခမဲ့ ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)