မုဒုံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မုဒုံ ဇွန် ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ (၁) နာရီက စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ြမတ်ဇာခြည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးပေါ်တိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များ အကြောင်းကို အကျယ်တဝင့် ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ နည်းပြဆရာမများ၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲသို့ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)