မြောက်ဥက္ကလာပ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီက သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက လူဦးရေနှင့် သန်းခေါင်စာရင်ကောက်ယူခြင်းဆိုင်ရာ ပင်မလုပ်ငန်းစဉ် (၄)ရပ်၊ သန်းခေါင်စာရင်းကောက်ကွက်နှင့် စာရင်းစစ်၊ စာရင်းကောက် လိုအပ်ချက်များ၊ သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သန်းခေါင်စာရင်းကောက်ယူမည့် အခြေအနေများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ လိုအပ်သည့်များကို ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)