ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၃

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန်(၂)၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်း၊ အမှတ်(၈၀/၈၁)၊ Dong Chen Handbag (Myanmar) စက်ရုံ၌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးသန္တာနွယ်က ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ အရွယ်မတိုင်မီ လုပ်ငန်းခွင်ရောက်ရှိရခြင်း အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် အလုပ်သမားများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့ပြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)