မုံရွာမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မုံရွာ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)နှင့်ပူးပေါင်းကာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဥ်းပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး(ညွှန်ကြားရေးမှူးဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်နှင့် ဝန်ထမ်းများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မုံရွာမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူရေးရာဦးစီးဌာန လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုများကို လက်ခံညှိနှိုင်းဖြေရှင်းခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းတို့ကို ပရိုဂျက်တာများဖြင့် ပြသရှင်းလင်းဆွေးနွေးခဲ့မှုအပေါ် တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းမှုများဆွေးနွေးမှုများအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)