မူဆယ်မြို့၌ Pfizer ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေး

မူဆယ် ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မူဆယ်မြို့၌ ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer ကို ယမန်နေ့နံနက်(၁၁)နာရီက ခရိုင်မြို့နယ် စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများကို ထိုးနှံပေးသည်။

မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကူးစက်)မှ ကျန်းမာရေးမှူး ဦးမိုင်းညွှန့်လှိုင် ဦးစီးသော သူနာပြုဆရာမများက ဌာနဆိုင်ရာဝန်ထမ်း(၇၀)ဦးအား ပထမအသုတ်အဖြစ် Covid-19 Pfizer    အမျိုးအစား ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရပါသည်။

ချယ်ရီမြေ(မူဆယ်)